ဝန်ဆောင်မှုစည်းကမ်းချက်များ
ပြန်ရောင်းခြင်း မပြုရ
ဤဝန်ဆောင်မှုသည်Docomoနှင့်SoftBank တိုရဲ့ MVNOကိုလိုင်းတစ်ခုဖြစ်သည်။ မိမိလျှောက်ထားသောကမာဏကိုကျော်လွန်သောအခါ200kbpsဖြင့်သင်အသုံးပြုနိုင်သော်လည်းနှေးသွားမည်ဖြစ်သည်။200kbpsဖြင့်ဆက်လက်ဝန်ဆောင်မှုပေးသော်လည်းမြန်နှုန်းမြင့်ဆက်သွယ်ရေး၏ကန့်သတ်ချက်အထက်ကိုသိသာစွာကျော်လွန်သွားပါကသို့မဟုတ်ကွန်ရက်ပေါ်တွင်ဝန်ပိုစေသောဆက်သွယ်ရေးကိုလုပ်ဆောင်နေလျှင်၊ဝန်ဆောင်မှုကိုရပ်ဆိုင်းသွားနိုင်သည်။ မိမိ၏သုံးစွဲမှုလွန်ကဲခြင်းကြောင့်မြန်နှုန်းနှေးခြင်းဖြစ်ပေါ်ပါကစက်ပစ္စည်းများ လဲလှယ်ခြင်း သို့မဟုတ် အခကြေးငွေကို ပြန်အမ်းမည်မဟုတ်ကြောင်း ကျေးဇူးပြု၍ သတိပြုပါ။
စာချုပ်ချုပ်ဆိုချိန်တွင်မည်သူမည်ဝါဖြစ်ကြောင်းအတည်ပြုစာရွက်စာတမ်းများလိုအပ်ပါသည်။ စစ်ဆေးမှုရလဒ်ကြောင့်အသုံးမပြုနိုင်မျိုးရှိနိုင်ပါသည်။
လစဉ် 25 ရက်နေ့ မတိုင်မီ ငွေပေးချေရပါမည်။ ဘေလ်ပေးချေမှုနောက်ဆုံးနေ့မှ 3 ရက်အတွင်းငွေပေးချေမှုကိုအတည်မပြုနိုင်ပါကသက်ဆိုင်ရာလိုင်းဝန်ဆောင်မှုကို ဆိုင်းငံ့ထားမည်ဖြစ်ပါသည်။ကျွန်ုပ်တို့သည်နေ့တွက်ကျေးငွေပြန်အမ်းမည်မဟုတ်ပါ။
အသုံးပြုမှုရပ်ဆိုင်းခြင်း၊ရပ်ဆိုင်းလိုသောလ၏ရှေ့လ၂၀ရက်နေ့နောက်ဆုံးထား ၍အကြောင်းကြားပေးရမည်ဖြစ်သည်။
planအတိုးအလျှော့အတွက်ပြောင်းလိုသောလ၏ရှေ့လ၂၀ရက်နေ့နောက်ဆုံးထား ၍အကြောင်းကြားပေးရမည်ဖြစ်သည်။
Simကဒ်ပျက်စီးပျောက်ဆုံးခဲ့ပါလျှင်Simကတ်ပြန်လည်ထုတ်ယူရန်အတွက်၃၃၀၀円 နှင့်(အခွန်)ကျသင့်မည်ဖြစ်သည်။
လိုင်းတွင်အဆင်မပြေမှုများရှိပါက၊ပြဿနာနှင့်ပတ်သက်၍ကျွန်ုပ်တို့ထံ ဆက်သွယ်နိုင်ပါသည်။ခက်ခဲသောပြဿနာများဖြစ်ပေါ်လာပါကSIMကတ်အားသုံးစွဲသူ၏ကုန်ကျစရိတ်ဖြင့်ပို့ပေးရမည်ဖြစ်ပြီး ဆင်းမ်ကတ်၏ ကနဦးပျက်ကွက်မှုကို အတည်ပြုနိုင်ပါက၊ ကျွန်ုပ်တို့က ၎င်းကို အခမဲ့ ပြန်လည်လဲလှယ်ပေးမည်ဖြစ်သည်။
၁နှစ်အတွင်းအသုံးပြုမှုရပ်ဆိုင်းပါကဒဏ်ငွေယန်း9,000(အခွန်ပါပြီး)ကောက်က်ခံမည်ဖြစ်ပါသည်။
ပြည်ပခေါ်ဆိုမှုများ၊SMS၊ပြည်ပSMSစသည်တို့ကဲ့သို့ထူးခြားသောအသုံးပြုမှု ခြေအနေ များတွင်၊ ဆက်သွယ်ရေးကို ယာယီကန့်သတ်ထားနိုင်သည်။
planရပ်ဆိုင်းပါကSimကဒ်ကိုပြန်လည်အပ်နှံရမည်ဖြစ်သည်။ ဖျက်သိမ်းသည့်နေ့မှ တစ်ပတ်အတွင်း SIM ကို ပြန်လည်ပေးပို့ပါ။ (ပို့ဆောင်ခကို customer မှပေးဆောင်ရပါမည်)သဘာဝဘေးအန္တရာယ်များကြောင့်ဆက်သွယ်ရေးချို့ယွင်းခြင်း၊ဆက်သွယ်ရေးဝန်ဆောင်မှုများကိုဆိုင်းငံ့ခြင်းဖြစ်ခဲ့လျှင်ကျွန်ုပ်တို့သည်ပျက်စီးဆုံးရှုံးမှုများအတွက် ဖောက်သည်အား လျော်ကြေးပေးမည်မဟုတ်ပါ။စျေးနှုန်းများအားလုံးတွင် အခွန်ပါဝင်ပြီးဖြစ်သည်။